Latest Article Get our latest posts by subscribing this site

ကဗျာ

လေညှင်းလေးလို သိရခက်တဲ့ ညင်သာမှူမျိုးနဲ့ ..
ငါ့...နှလုံးသားကို ခိုးယူဖို့  ကြိုးစားနေတာလား....
ကိုယ်စီပိုင်ဆိုင်တဲ့ အတ္တ မာယာတွေ သာဖို့ ကြိုးစားရင်း..
ဟန်ဆောင်ခြင်းတွေထဲ ငါ့..ကိုထားခဲ့ချင်သူလား....
ချစ်သူရေ.......

တစ်ပတ်ရစ်အလွမ်းတွေဆို ငါမလိုချင်တော့ဘူး.....
ငါ့...လက်ကို တွယ်တာမြတ်နိုးမယ်ဆိုရင်.....
ဘယ်ကိုပဲ ရောက်ရောက်.....
မမောတမ်း...လျှောက်လှမ်း လိုက်ချင်ပါတယ်......
                                                                      ' လရောင်ခြည် '

ကဗျာ

အွန်လိုင်းပေါ်က သူငယ်ချင်း လရောင်ခြည် ရေးစပ်ထားသော အချစ်ကဗျာ


" အတူရှိခွင့် "

တကယ်လို့ များ  နင်နဲ့  ငါ
အတူရှိခွင့် ရမယ်ဆိုရင် ......
မမြင်တာကြာလို့ တမ်းတခဲ့ ရတဲ့ နင့်မျက်နှာလေးကို
ငတ်မွတ်စွာ တ၀ကြီးငေးကြည့် ကို ရချင်မိတယ်ချစ်သူရယ်........
အတူရှိခွင့် ရမယ်ဆိုရင်လေ........

ဝေးကွာဆုံးရှူံးလို့  နာကျင်အဆိပ်တက်ခဲ့ရတဲ့
ငါ့...နှလုံးသားလေးကို နင့်ရဲ့ အေးမြတဲ့အချစ်တွေနဲ့ ........
ဖြည့်ဆည်းအားပေးမှူကို ရချင်မိပါတယ် ချစ်သူရယ်..........
အတူရှိခွင့် ရမယ်ဆိုရင်လေ.......

မ၀ံ့ရဲ တဲ့ ဘ၀မို့  ပြောမထွက်ခဲ့တဲ့ မျိုသိပ်စကားလေးတွေကို
နင့်ကို ဖွင့်ပြောခွင့် ရချင်မိပါတယ် ချစ်သူရယ်.....
ဒါပေမယ့် နင်က ငါ့ကို တသက်တာ အလွမ်းတွေနဲ့ ....
တစ်ဘ၀စာ ချန်ထားတော့မှာမို့ ...
စိတ်ကူးထဲမှာသာ နင်နဲ့ ငါ...

အတူရှိခွင့် ရမယ်ဆိုရင်.......
   အတူရှိခွင့် ရမယ်ဆိုရင်.......
         အတူရှိခွင့် ရမယ်ဆိုရင်........                                                   

      လရောင်ခြည်

အချစ်

အချစ်ဆိုတာ......
သဘာဝကပေးတဲ့
လက်ဆောင်တစ်ခုပါ….
ရတာချင်းတူပေမယ့်
တန်ဖိုးထားတာချင်းမတူတဲ့အခါမှာ .......
ပျော်ရွှင်မှုရလဒ်ချင်းလဲ တူမှာမဟုတ်ပါဘူး  ........

တခါတလေတော့လည်း

ငါစဉ်းစားမိတယ်…ချစ်သူ
နင့်ကိုယ် အရမ်းချစ်ဖို့များ
ငါက မွေးဖွားလာသလားလို့ပါ….
ငါတို့နှစ်ယောက် တွေ့ဆုံခဲ့ကြတာ
ရိုး၇ိုးလေးပါ…
ငါတို့နှစ်ယောက် ချစ်ခဲ့ကြတာကလဲ
ရိုးရိုးလေးပါ..
ဒါပေမဲ့ ပိုချစ်မိတဲ့ငါ
ပိုလွမ်းမိတဲ့ငါ
ပို တန်ဖိုးထားခဲ့မိတဲ့ငါ
ပိုပြီးတော့ မျှော်လင့်မိတဲ့ငါ…
ပိုခံစားရမယ်ဆိုတာ မတွေးမိလို့ပါ…......
အရာတိုင်းဟာ ပိုတိုင်းလဲ မကောင်းပါလား ချစ်သူရယ်.........

Facebook Like ခြင်းဖြင့်ပို့ စ်အသစ်များအလွယ်တကူဖတ်နိုင်ပါပီ

မန်ဘာဝင်ခြင်းဖြင့် အားပေးကြပါ

အလည်လာရောက်သူများ

အဖတ်များဆုံး ပိုစ့်များ

 
Support : Your Link | Your Link | Your Link
Copyright © 2013. ကိုနန္ဒ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger